~ မိမိရဲ့Personal Password တွေအခိုးမခံရစေဖို့ ~


        ကိုမင်းမြတ်မင်း သူငယ်ချင်း တစ်ယောက် $ 700 PM (Perfect Moeny) အကောင့်ထဲက အခိုးခံရတယ်လို့ ကြားရတဲ့ အတွက် ထိုသူနဲ့ အတူ ထပ်တူ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ PM အဖောက်ခံရတာ Gmail ပါ အဖောက်ခံရလို့ပါ။

ကျွန်တော် ဒီ page ကိုရောက်တာ မကြာသေးပေမယ့် ။ ကျွန်တော် ၀င်ရောက် ပြီးနောက်ပိုင်း comment အများ စု မှာ Security နဲ့ ပက်သက်ပြီး မေးတာ ရေးတာ အသိပေးတာ အများဆုံး ရေးဖြစ်ခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ဒီ page မှာ အများဆုံး သုံးတဲ့လူတွေက နည်းပညာနဲ့ ပက်သက်ပြီး အများကြီးနားလည်သေးတာ မဟုတ်ပါဘူး။ ဒါကို Hack တဲ့ လူတွေက အခွင့်ကောင်းယူပြီး ခိုးကြတာပါ။ အခု ကျွန်တော်ပြောချင်တာက ဒီလို ကိစ္စ မျိုး ထပ်မံမဖြစ်ပွားအောင် မိမိရဲ့ psw တွေကို အထူးလုံခြုံအောင် အကြံပြုပေးချင်ပါတယ်။

1) Email
-----------
- မိမိရဲ့ Gmail ကိုရိုးရှင်းလွယ်ကူသော PSW မျိုး မပေးမိပါစေနဲ့ ။
- Security Question မှာလည်း အဖေ အမေ ချစ်သူ ကို့နာမည်က လွှဲပြီး အခြားနာမည်ပေးပါ။
- PSW ကို (Eg : *&%X__@%D0353 အစရှိသည့် သင်္ကေတ များများထားပါ
- Security ၂ ထပ် (သို့) ၃ ထပ် ထားပေးပါ။

(ဥပမာ - gmail psw နဲ့ တစ်ခါဝင်မယ် . နောက် ကို့ရဲ့ PH no: ကိုပါတစ်ခါတည်း verfify လုပ်ထားပါ။ gmail တစ်ခါဝင်တိုင်း ကို့ဖုန်း ကို sms ဖြင့် Pin Code ပို့ပေးပါလိမ့်မယ် ။ pin code က တစ်ဆင့် ဆက်ဝင်ရမှာပါ။ မြန်မာပြည် ဖုန်းအနေနဲ့ တော့ Telenor နဲ့ Oreedo ဖုန်းကိုသုံးပါ။

- ကိုအမြဲ သုံးတဲ့ IP location ကို မှတ်သားထားပြီး ။ Gmail Account ရဲ့ အောက်ဆုံးနား မှာ IP location ဆိုတဲ့ နေရာ မှာ အမြဲ ဝင်စစ်ပါ။ ကိုသုံးနေကျ နေရာ IP မတူတာ သုံးထားတာတွေ့ရင် သေချာပြီ ။ ကို့ Email တစ်ယောက်ယောက်သုံးနေပြိဆိုတာ ။

2) PTC ဆိုဒ်များ နှင့် အခြား အွန်လိုင်းမှာ ငွေရှာသည့် ဆိုဒ်များအတွက်
-------------------------------------------------------------------------------
- PTC ဆိုဒ်တွေ နှင့် banking ကဲသို့သော exchange ဆိုဒ်တွေအတွက် PSW ကိုမတူအောင် ထားပါ။

- ၄င်း ဆိုဒ်တွေ အတွက် Gmail or Hotmail or Yahoo Mail အကောင့် သက်သက် ဖွင့်ထားပါ

- ကို PTC ဆိုဒ် ၁၀ ခု အသုံးပြုမယ်ဆိုရင် PSW 5 မျိုးလောက် အသုံးပြုထားပါ။ နောက် စာအုပ် တစ်အုပ် (သို့) ဖုန်းက notepad မှာ ကိုမှတ်မိသော သင်္ကေတာဖြင့် (PSW အကုန်လုံးမမှတ်ထားပါနှင့်) psw အစ နဲ့ အဆုံးပိုင်းလောက်ကိုပဲ ကို့သင်္ကေတဖြင့် ကိုမှတ်ရန်။

- Third Party Developer တွေရေးတဲ့ APP/APK Software တွေ / နောက် ဆိုဒ်တစ်ခုကို 
သေချာမလေ့လာပဲနဲ့ လွယ်လွယ် registration / Sigh Up လုပ်ခြင်းတွေမှ လည်းရှောင်ကြပါ။ ဘာကြောင့်လည်းဆိုတောာ့ ကို့ရဲ့ user name & psw ကိုမှတ်သားထားနိုင်ပြီး ကို့ရဲ့ email psw နဲ့ တူနေခဲ့မယ်ဆိုရင် အဖောက်ခံရဖို့ သေချာသွားပါပြီ။

APK/APP software သုံးမယ်ဆိုရင် google play store မှာ အရင်ရှာပါ။ ရှာလို့တွေ့ရင် သုံးပါ။ မတွေ့ရင်တော့ လုံးဝမသုံးပါနှင့်။

အထက်ပါ အချက်အလက်တွေက ကျွန်တော်ကိုယ်တိုင် ကျင့်သုံးနေတဲ့ ပုံစံတွေပါ။ ကျွန်တော်ဆိုရင် Email အကောင့် သုံးခု နှင့် ဖုန်း နံပတ် (၂) လုံး အနည်းဆုံး သုံးပြီး ကိုရဲ့ ဒေတာ တွေ လုံခြုံအောင် အမြဲထားပါတယ်။

- Personal Email Account
- Special Email Account
- Test Email Account

ဆိုပြီး မိတ်ဆွေ တို့ Email Account သုံးခုလောက် သုံးထားတာ နောက် အခါ ဒီလို hack ခံရခြင်းမျိုးမှ ကာကွယ်နိုင်ပါတယ်။
သူငယ်ချင်းများ psw hack / acc hack ခံရခြင်းမျိုးမှ ကင်းဝေးပါစေ။

ကိုလိန်

~ ကျွန်တော် နှင့် ဇာတ်ညွှန်းရေးသော ညီမလေး ~

ဖူးစားရေးနတ်ဆိုသူမှာ တယ်လီဖုန်း တ်ီထွင်ခဲ့သည့် ဂရေဟမ်ဘဲလ် လို့ ကျွန်တော်က ဆိုညွှန်းချင်သည်။ သို့သော် သူမ နှင့် ကျွန်တော်သည် SMS မှားယွင်းပေးပို့မှုမှ တစ်ဆင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဒါကြောင့် SMS ကိုရှေးရေစက် လို့ ကျွန်တော် မှတ်ယူလိုက်ပါမည်။ ထိုနောက် SMS ကိုဖန်တီးခဲ့သူ Friedhelm Hillebrand and Bernard Ghillebaert တို့ နှစ်ယောက်ကိုလည်း ကျွန်တော်အခုချိန်ခါမှ စိတ်မှာထား၍ ရှီခိုးကန်တော့လိုက်မိသည် ထင်သည်။

တကယ်တော့ တွေ့ဆုံမှု နှင့် တိုက်ဆိုင်မှု သည်ပုံမှန်ဖြစ်လေ့ဖြစ်ထ၇ှိသော်လည့်း လူတွေဂရုမမူမိသည့် အလွန်အံသြစရာ ဖြစ်ရပ်ဆန်းတွေကို သယ်ဆောင်လာတတ်ကြသည်။ သူတို့တွေက လူတွေကို ပျော်ရွင်အောင်၊ ၀မ်းနည်းအောင်၊ ငိုတတ်အောင် ၊ ရယ်တတ်အောင်၊ မုန်းတတ်အောင် နှင့် ချစ်တတ်အောင် ဖန်းဆင်းပေးနိုင်သည်။ ထိုကြောင့် ကျွန်တော် နှင့် သူမ တိုက်ဆိုင်မှုကြောင့် တွေ့ဆုံမှုသည်  ကျွန်တော်၏ ကမ္ဘာကျဉ်းကျဉ်းတွင် အမြဲလိုအပ်နေသည့် ချစ်ခြင်းတစ်ချို့ကို လှုပ်နိုးသွားစေခဲ့သည်။ သို့သော် ဒါကို ပြည့်ဝ ချစ်ခြင်းလို့ မမှတ်ယူပါ။ ချစ်ခြင်းတွေ၏ အစသည် ပျော်ရွင်မှုတွေနဲ့သာပြည့်နှက်နေတတ်ပေသည်။ သို့ပေမယ့်လည်း ထိုချစ်ခြင်းဆိုသော စကားလုံးသည်လည်း ဘယ်တော့မှ သိမ်ကောမသွားတဲ့ ဇာတ်ညွန်းများ၏ အောက်တွင် ရှိသည်။ သူမသည် ထိုဇာတ်ညွန်းများကို ကိုယ်တိုင်ရေး၍ ဖန်တီးတတ်သော ခပ်နောက်နောက် သူလေးလည်းဖြစ်သည်။

သူမသည် ကျွန်တော့်အား ကိုကြီး ဟုသုံးနှုန်းပါသည်။ ကျွန်တော်သည်လည်း သူမအား ညီမလေး ဟုပြန်လည်သုံးနှုန်းပါသည်။ ကျွန်တော်၏ ညီမလေးသည် အချစ်ဇတ်ညွှန်းများအား အင်မတန်အရေးကောင်းသည့်  ညီမလေး ဖြစ်သလို၊ အငြင်းအခုံသန်ပြီး ဇွတ်တ၇ွတ်လုပ်တတ်သည့် စိတ်လေးလည်းရှိသည်။ ထိုစိတ်လေးကိုပင် ကျွန်တော်က စွဲလန်းမိသလား၊ ဒါမှမဟုတ် “ကိုကို စိတ်ပုတ်”  ဟုတ်သုံးနှုန်းတတ်သည့် သူမ၏ အသံ လွင်လွင်လေးကိုပဲ ချစ်မိသလား ကျွန်တော်သေချာမသိပါ။

အချစ်စစ် တွင် အကြောင်းပြချက်မရှိပါ။ ထိုသို့ဆိုရာတွင် မုန်းခြင်းသည်လည်း အကြောင်းပြချက်ရှိစရာမလိုပေ။ ရွေးချယ်မှုတိုင်း ကို အကြောင်းပြချက်ကြောင့် ရွေးချယ်မည်ဆိုရင် ဒါသည် ပြီးပြည့်စုံသည့် ရွေးချယ်မှုမျိုးမဟုတ်ပေ။ ဥပမာ: I choose you because I choose you ဆိုသည့်သဘောပင်။ ဒါကြောင့် သူမကို စွဲလန်းမှုမိသည်ဆိုလျင်ပင် ထိုစွဲလန်းမှုသည် ဘာကြောင့်ဆိုသည့် ခေါင်းစဉ်အောက်တွင် မရှိပါ။ ကျွန်တော်သူမကို ချစ်သောကြောင့် (သို့) စွဲလန်းသောကြောင့်၊ ချစ်သည် စွဲလန်းမိသည်ဟု အရိုးသားဆုံးဝန်ခံပါသည်။

ညီမလေးကို ကျွန်တော် ချစ်သည်။ ထိုချစ်သည့်အကြောင်းကိုလည်း ကျွန်တော် အဓိပ္ပာယ်ဖွဲ့နွဲ့ဖို့ ကျွန်တော် မစဉ်းစားပါ။ လူတို့သည် တစ်ခုခုခံစားရတိုင်း၊ တစ်ခုခု ဖြစ်တိုင်း ခံစားချက်ပေါ်လိုက်၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အဓိပ္ပာယ်ဖွင့်ဆိုတိုင်း ဇာတ်လမ်းတွေ ကိုယ်တိုင် ဖန်တီးလာကြသည်။ ထိုဇာတ်လမ်းသည် သူတို့အတွက် ပျော်ရွင်စရာ၊ ၀မ်းနည်းစရာ အသွင်အမျိုးမျိုးကို ဖန်တီးပေးသည်။ သို့ပေမယ့် ကျွန်တော်သည် ညီမလေး နှင့် ပက်သက်လာလျှင် အချစ်ကိုပင် အဓိပ္ပာယ်ဖွင့်ဖို့ မေ့လျှော့နေခဲ့ပြီ။ ချစ်ခြင်းကို ခံစားဖို့ မေ့လျှော့နေခဲ့ပြီ။ ညီမလေးကို ချစ်သည် ၊ ချစ်သည်လို့သာ ကျွန်တော်သိသည်။ ထိုနေ့ညက ကြယ်တစ်စင်း ကြွေကျသွားသည်။ အနည်းငယ်ပူလောင်သော အခန်းတွင်းဝယ် ကြယ်ကြွေသလို လွမ်းတဲ့စိတ် တွေ ဖြာဆင်းသွားသည်ကိုတော့ ကျွန်တော် သိလိုက်ပါသည်။ နေမြင့်လေ အရူးရင့်လေတဲ့။ ကျွန်တော့်အတွက်ကတော့ လမင်းကြီးသာမှ ရူးရမည့်ဘ၀ပါလေ။ သို့ပေမယ့် ထိုနေ့ညက လမင်းကြီးလည်းမသာပါ၊ အရာရာအားလုံးသည် ဆက်သွယ်မှုဧရိယာပြင်၌ သာရှိလေသည်။ 

“ ကိုကြီး … ချစ်သူ နှင့် ရည်းစား ဘာကွာလည်း … လို့” ညီမလေး ကျွန်တော့် ကိုမေးလာပါသည်။ သူမ၏ မေးခွန်းကို ကျွန်တော် မဖြေခင် ညီမလေး၏ စကားပြောပုံတစ်ချို့ကို ကျွန်တော်ပြောပြချင်သည်။ သူမသည် အချို့သော စကားလုံးတွေ၏ အဆုံးတွင် “လို့” ဆိုပြီး အသံကို မနှိမ့်၊ အသံကိုမြင့်ပြီး ပြောတတ်သည်။ ဒီလိုပြောဆိုပုံလေးက ညီမလေး၏ သင်္ကေတတစ်ခုပင်။ ထိုသင်္ကေသည် ကျွန်တော်၏အပြုံးကို မကြာခဏဆိုသလို တန်ဆာဆင်ပေးသည်။ 

“ ချစ်သူ နှင့် ရည်းစား ဆိုသာ အတူတူပါပဲ ညီမလေး ရဲ့” ကျွန်တော် လေးလေးနက်နက်ကြီး ပြောလိုက်ချင်းပင်။ ညီမလေးသည် ကျွန်တော့်အဖြေကို သိပ်ဘ၀င်မကျလှပါ။ 

“ ဟင် ကိုကြီးကလည်း … ချစ်သူဆိုတာ ခိုင်မြဲတယ် … ရည်းစား ဆိုတာ အပျော်မဟုတ်ဘူးလား … လို့”  သူမ သိထားသော အကြောင်းအရာအပေါ် အခြေခံ၍ ကျွန်တော့်အား တိကျသည့် အဖြေတစ်ခုထွက် အောင် တွန်းပို့ ပေးလိုက်ခြင်းပင်။ ကျွန်တော် ပြုံးလိုက်ပါသည်။ “ ညီမလေးရယ် … ခိုင်မြဲတယ် … မခိုင်မြဲဘူးဆိုတာက အချိန်ကသာ ဆုံးဖြတ်သာပါ … ဒါကြောင့် ချစ်သူလား ရည်းစားလားဆိုတာ ကိုလည်း အချိန်ကသာ အဆုံးအဖြတ်ပေးတယ် ညီမလေးရဲ့”

“နောက်ပြီး … ချစ်သူဘ၀ (သို့) ၇ည်းစားဘ၀ ရဲ့ အစတိုင်းဟာ ပျော်ရွင်ကြတာကြီးပဲလေ … ဒါကြောင့် ကိုကြီးပြောတာပေါ့ ချစ်သူ နှင့် ရည်းစားဆိုတာ အတူတူပါပဲလို့ … ချစ်သူဆိုတဲ့ စကားလုံးဟာ ပိုပြီး လေးနက်သယောင် ရှိပေမယ့် … တကယ့်လက်တွေ့မှာ ပထမဆုံး ထွက်လာမယ့် ရလဒ်ကတော့ ရည်းစား ဆိုတဲ့စကားလုံးနဲ့ အဓိပ္ပာယ်တူတူပါပဲကွယ် … ချစ်သူအစစ်လား၊ အတုလားဆိုတာက ပထဆုံးတွေ့ကြုံရမယ့် ဂရုစိုက်မှု၊ ကြင်နာမှု စသည့် ချစ်တဲ့သူတွေရဲ့ အပြုအမူတွေ၊ ဒါတွေကို ကြည့်ပြီး သူဟာ ငါ့ရဲ့ ချစ်သူအစစ် ဆိုပြီး ဆုံးဖြတ်လိုက်လို့မရပါဘူး။ ဂရုစိုက်မှု၊ ကြင်နာမှုတွေဟာ အချိန်အတိုင်းသာတစ်ခုကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ အားလုံးဟာ ပြောင်းလဲသွားတတ်ကြတယ်။ ဒါကြောင့် ညီမလေး ချစ်သူကိုရှာချင်ရင် စိတ်ရှည်ဖို့လိုသလို၊ အချိန်လေးလည်းလိုလိမ့်မယ်” ညီမလေး ခဏတာငြိမ်သွားသည်လို့ထင်သည်။ ကျွန်တော်လက်ခံထားသည့် ချစ်သူ၊ ရည်းစား ဆိုသည့် စကားလုံးအပေါ် သူမ လက်ခံ နိုင်သည် လက်မခံနိုင်သည် ဆိုခြင်းကို ဆုံးဖြတ်နေခြင်းဖြစ်မည်။ 

တကယ်တော့ လူ့ဘ၀ကြီးဟာ အင်မတန်မှ တိုးတောင်းလှပါတယ်ဗျာ။ ဒီလိုတိုတောင်း လှတဲ့ဘ၀မှာ လူတွေက ဘ၀ကို ဇာတ်လမ်းတွေ၊ ဇာတ်ညွန်းတွေ ကိုယ်တိုင်ဖန်တီးနေကြပြီး ဒီလိုဇာတ်ညွန်းတွေ၊ ဇာတ်လမ်းတွေထဲမှာ အမုန်းတရားတွေ၊ နာကျည်းမှုတွေ၊ အချစ်ဇာတ်လမ်းတွေ နဲ့ ပျော်ရွင်မှုအကြောင်းတ၇ားတွေလည်း ရောပြွန်ပါဝင်နေကြသည်လေ။ တကယ်တော့ လူတွေ အသက်ကြီးလာရင် အိနြေ္ဒရလာကြတယ်လို့ ပြောကြတယ်ဗျ။ အမှန် အသက်ကြီးလို့ အိနြေ္ဒ ရလာကြတာမဟုတ်ဘူး ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေဖန်တီးတဲ့ အကြောင်း၇ာတွေ များများလာလို့ လူတွေက အသက်ကြီးလာရင် ငြိမ်သွားကြတာပါ။ ဒါတွေကို ဖန်တီးတဲ့လူကိုယ်တိုင်ကလည်း သေချာမသိကြပါဘူး။ အကယ်၍သူတို့တွေသိခဲ့ရင် လူ့ဘ၀ကို ဘယ်လိုပျော်ရွင်စွာ နေထိုင်ရမလည်းဆိုတာ အပူအပင်မရှိတဲ့ ကလေးလေးတစ်ယောက်လိုနေထိုင်သွား နိုင်ကြမှာပါ။          

            ကျွန်တော် ရဲ့ ညီမလေးက အင်မတန် ဇာတ်ညွှန်းရေးကောင်းသည်လေ။ သို့ပေမယ့် သူမတွင် ဇာတ်လမ်းတွေ မရှိပါ။ အတိတ်တွေ မရှိပါ။ အနာဂတ်တွေလည်းမရှီပါ၊ လက်ရှိအခြေအနေတွင် ဇာတ်ညွှန်များသာ ဆက်လက် ဖန်တီးချင်နေသော ပျော်ပျော်၇ွင်ရွင် ကောင်မလေးတစ်ယောက်ပင်။ ထို့အတွက် ညီမလေးအတွက် ကျွန်တော်က ဇာတ်ညွှန်းကောင်းကောင်း တစ်ခု မဟုတ်သလို။ ကျွန်တော့်အတွက် ညီမလေးသည်လည်း  ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပေ။ ကျွန်တော်တို့ နှစ်ယောက် ရင်ဘက်ခြင်းတူသော၊ အသက်ရှုခြင်းလည်းတူသော ခပ်မိုက်မိုက် လူဆိုး နှစ်ယောက်သာဖြစ်တော့သည်။

ကိုလိန် (7-6-2011)

~ အကြည်ရောင် ~

ဆန္ဒ ဟူသည် လူတွေ၏ လိုချင်တပ်မက်မှု ကိုရည်ညွှန်းပြီး၊ ဘ၀ ဟူသည် လူတွေ၏ လက်ရှိအနေအထား လုပ်ဆောင်ချက် ကိုရည်ညွှန်းသည်။ ဒါကြောင့် ဆန္ဒ နှင့် ဘ၀သည် ဘယ်တော့မှ ထပ်တူကျနိုင်ခြင်း မရှိကြောင်းကို ချွင်းချက်မရှိ ယုံကြည်ပေးစေလိုသည်။ အကယ်၍ သင်သာ တန်ခိုးရှင် (သို့) ကျွန်တော်သာ တန်ခိုး၇ှင် တစ်ယောက်မဖြစ်ခဲ့ သေးသမျှ ဆန္ဒကို ဘ၀ ဖြစ်အောင် မဖန်တီးနိုင်ပေ။ ဘ၀သည် ဆန္ဒကို အလို မလိုက်၊ ဆန္ဒကသာ ဘ၀၏ အလိုနောက်သို့သာ လိုက်နေရခြင်းဖြစ်သည်။ ဒါကြောင့် ကျွန်တော်၏ သူမအပေါ်အမြဲချစ်နေချင်သော ဆန္ဒသည် ကျွန်တော်၏ မဖြောင့်ဖြူးသော ဘ၀ နောက်သို့ ယောင်မှားစွာဖြင့် လိုက်ပါလာခဲ့ပါသည်။
စိုင်းနောင် …
ဗျာ … ပြောလေ မ … ဘာမေးချင်လို့လည်း
အင်း … အရောင်တွေထဲမှာ အချစ်၇ှိတယ်တဲ့ ။ အဲ့လိုပဲ အချစ်ထဲမှာလည်း အရောင်ရှီတယ်တဲ့ ။ အဲ့ဒါဟုတ်လား စိုင်းနောင် ။ ကျွန်တော် နူးညံစွာပြုံးလိုက်ပါသည်။
မ သိချင်လို့လား …
အင်း ဟုတ်တယ် … သိတယ်မလား … သိရင် ပြောပြပါလား စိုင်းနောင် ။ သူမ ကျွန်တော်အား မျက်လုံးလေး ပင့်သက်ကြည့်ပြီး မေးလိုက်သည်။ ထိုအကြည့်လေးသည် သူမ ဆီမှ ဘယ်လိုမှ ကျွန်တော် ရုန်းမထွက်နိုင်သော ညွှတ်ကွင်းလည်းဖြစ်သည်။ ထိုအကြည့်လေး အောက်တွင်ပင် ကျွန်တော်၏ နှလုံးသားတို့ အကြိမ်ကြိမ်ကျဆုံးခဲ့သည်ပင်။ အခုလည်း ကျွန်တော်၏ နှလုံးသားထပ်မံကျဆုံး ရဦးမည်ပင်။
အင်း … ကျွန်တော်ပြောပြပါ့မယ် … မ
အချစ်ကို … အရောင်တွေ နဲ့ ပက်သက်ပြီး ၉ မျိုးခွဲ သတ်မှတ်လို့ရတယ် မ ရဲ့။ အနီ၊ အပြာ၊ အ၀ါ၊ လိမ္မော်၊ ပန်ုးရောင်၊ ခရမ်း၊ အဖြူ၊ အစိမ်း နဲ့ သက်တံရောင်ဆိုပြီး ခွဲခြားသတ်မှတ်လို့ရတယ်။
အနီရောင်အချစ်
အနီရောင် ဆိုတာ ရဲရင့်တယ်၊ အပူသဘောကို သက်ရောက်တယ်။ ဒါကြောင့် အနီရောင်အချစ်ဆိုရင် ပူလောင်ပျင်းပြတဲ့ အချစ်ဆိုတာမျိုး ကိုရည်ညွှန်းဖော်ဆောင်တယ်။ အမြဲ ချစ်တဲ့လူအတွက်ပူပင် နေရတတ်တဲ့ အချစ်မျိုးပေါ့။
အပြာရောင်အချစ်
အပြာရောင် ဆိုတာ တည်ငြိမ်မှု၊ အေးချမ်းမှု နဲ့ အမှန်တရား ကို ဖော်ဆောင်တယ်။ ဒါကြောင့် အပြာရောင်အချစ်ဆိုရင် တည်ငြိမ် အေးချမ်းပြီး စစ်မှန်တဲ့ အချစ်မေတ္တာကို ရည်ညွှန်းတယ်။ ဒါပေမယ့် အပြာရောင် ဟာ အားပျော့တဲ့ အရောင်ဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ မှားယွင်းစွာ နဲ့ ချစ်မိတာတွေ ဖြစ်တတ်တယ်။တကယ်တော့ အချစ်ရဲ့ သင်္ကေတအရောင်အစစ်ဟာ အပြာရောင်ပါ။
အ၀ါရောင်အချစ်
အ၀ါရောင် သည် ဂရုစိုက်မှု ၊ စောင့်ရှောက်မှု နှင့် ကြောက်တတ်တဲ့ သဘောတရားကို ဖော်ဆောင်တယ်။ ဒါကြောင့် အ၀ါရောင် အချစ်ဆိုတာ အမြဲအလျှော့ပေးတတ်ပြီး ချစ်တဲ့သူအပေါ် အမြဲဂရုစိုက် စောင့်ရှောက်တတ်တဲ့ သဘောကို ရည်ညွှန်းတယ်။
လိမ္မော်ရောင်အချစ်
လိမ္မော်ရောင် ကတော့ ချမ်းသာ ကြွယ်ဝမှု နဲ့ ပျော်ရွင်ကြည်နူးခြင်း သဘောတရားကို ဖော်ဆောင်တယ်။ ဒီတော့ လိမ္မောရောင်အချစ်ဆိုတာ ကိုယ့်ချစ်သူကို လိုလေသေးမရှိ ပြည့်စုံပျော်ရွင်မှုကို ပေးစွမ်းနိုင်တဲ့ အချစ်မျိုးဖြစ်တယ်။
ပန်းရောင်အချစ်
ပန်းရောင် သည် နူးညံ ကြင်နာမှု၊ ဆန်းကြယ်မှု နဲ့ နုပျိုတဲ့ အလှတရား ကိုဖော်ဆောင်တယ်။ ဒါကြောင့် ပန်းရောင်အချစ် ဆိုတာ ရင်ခုန်ကြည်နူးဖို့ အကောင်းဆုံး ဆန်းကြယ်မှုများစွာ နဲ့ နူးညံတဲ့ အလှတရားတွေ အပြည့်၇ှိတဲ့ အချစ်ပါ။ ငယ်ချစ် (သို့) အချစ်ဦး အချစ် လို့ လည်းပြောလို့၇တယ်။ နောက်ပြီး ပန်းရောင်အဓိပ္ပာယ် ဆောင်ပုဒ်တစ်ခုလည်းရှီတယ်။ ဒါက "I will never forget you" ဆိုတဲ့ အဓိပ္ပာယ်ပါ။
ခရမ်းရောင်အချစ်
ခရမ်းရောင် က လျှို့ဝှက်ဆန်းကြယ်မှု၊ ပေးဆပ်ခြင်း နှင့် သစ္စာရှိမှု ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။ ဒီတော့ ခရမ်းရောင် အချစ်က ခန့်မှန်းရခက်တယ်၊ အချစ်ကို မဖော်ပြပဲ မြုံထားတတ်ကြတယ်။ ချစ်မိပြန်ရင်လည်း ချစ်တဲ့သူအပေါ် အကုန်လုံးပေးဆပ်ချင်တဲ့ သဘောတရားရှိတယ်။ ချစ်တဲ့သူအပေါ် အမြဲသစ္စာရှိတယ်။
အဖြူရောင်အချစ်
အဖြူရောင် ကတော့ သန့်စင်ခြင်း၊ မွန်မြတ်ခြင်း ဆိုတဲ့ သဘောကို ဆောင်တယ်။ အဖြူရောင်အချစ်ဆိုတာ ပကတိရိုးသားဖြူစင်တဲ့ အချစ် (သို့) နားလည်မှု အရှိဆုံးသော အချစ် ပင်ဖြစ်တယ်။ နောက်အဖြူဆိုတာ အပျိုဆိုတဲ့အဓိပ္ပာယ် ကိုလည်းဖော်ညွှန်းတယ်။ ဒါကြောင့် နိုင်ငံအများစုဟာ သတို့သမီးဝတ်စုံကို အဖြူပဲဝတ်ဆင်ကြပါတယ်။

~ လွယ်အိတ်ထဲကချစ်ခြင်းပြယုဒ် ~

.

အချိန်သည် ည (သို့) နေ့ (သို့) နာရီ/မိနစ်/စက္ကန့် တိတိ ဇူလိုင်လ (သို့) ၁၂ ရာသီ၏ နေ့တစ်နေ့သာဖြစ်သည်။ ထိုအချိန်ဟူခေါ်သော လူတို့ သတ်မှတ်ထားသောအရာသည် လူတို့ပြုလုပ်ထားသော နာရီကြောင့်ပင်လား (သို့) နေ ကြောင့်လား (သို့) လကြောင့်လား (သို့) ကမ္ဘာကြောင့် လား (သို့) ဖြစ်လိုက်ပျက်လိုက် မြန်ဆန်နေသည့် လူတို့၏ ခန္ဒာဗေဒဆဲလ်တွေ၏ ဖွဲ့စည်းမှု ဖွံဖြိုးလာမှု ကြောင့်ပင်လား ? ဒါတွေကို ဂရိပညာရှင်တွေကတော့ ရှာဖွေကြံဆခဲ့ကြသည်။ ထိုနောက် နာရီ ဆိုသော အချိန်ပြကရိယာ တစ်ခုအား ဖော်ထုတ်ခဲ့ကြသည်။ အမှန် အချိန်ဆိုသော ဝေါဟာရသည် ဖြစ်လိုက် ပျက်လိုက် ပျောက်လိုက် ပေါ်လိုက် ဖြစ်နေသော စက်ဝန်း ပုံဆန် သွားလာနေသော ခရီးသွားတစ်ယောက်ဖြစ်သည်။ မိတ်ဆွေရော ကျွန်တော်ပါ ထိုခရီးသွားနှင့် အတူ ခရီးဆောင်အိတ်တလုံးမှာ ဘ၀ တလျှောက် သယ်စရာ ချန်စရာများကို အိတ်ကို ဖွင့်လိုက် ပိတ်လိုက်နှင့် သွားနေကြသော သူများသည်ဖြစ်သည်။ ထိုခရီးဆောင် အိတ်ထဲတွင် ကျွန်တော့်အဖို့ စားချိန် ၊ အိပ်ချိန် ၊ အလုပ်လုပ်ချိန် ၊ အိမ်သာတတ်ချိန် အစရှိသည့် အချိန်များကို မရှိမဖြစ်အသုံးပြုရမည့် အရာများ နှင့် ကိုယ်ချစ်မြတ်နိုးသော အရာများကို ယူဆောင် ထည့်ထားလေ့၇ှိကြသည်။ ထိုသို့ပင် ကျွန်တော်တို့ ချစ်မြတ်နိုးသော အရာများကိုအမြဲ သိမ်းထားသကဲသို့ ထိုထဲတွင် ချမ်းသာခြင်း ဆင်းရဲခြင်း နှင့် သူမကိုပါ ကျွန်တော့် ခရီးဆောင်အိတ်ထဲ ထည့်မိလျက်သား ဖြစ်နေသည်။ ထိုကြောင့် သူမသည် ကျွန်တော်၏ အရေးကြီးသော ချစ်မြတ်နိုးသော ခရီးဆောင်အိတ်ထဲမှ မရှိမဖြစ် အရာလေးတစ်ခုဖြစ်သည်။

ကျွန်တော် ချစ်မြတ်နိုးသော သူမသည် ရစ်ဘီးလေး တစ်ယောက်ဖြစ်သည်။ သူမ နှင့် ခင်မင်သော သူများအား မည်သို့ ရစ် ရမည် စ ၇မည်ကို အမြဲတွေးနေတတ်သော ရစ်ဘီးလေး တစ်ယောက်သာဖြစ်သည်။ တစ်ခါတစ်ရံ သူမ ရစ်စရာ အကြောင်းတိုက်ဆိုင်မှု မ၇ှိလျှင် ကျွန်တော်၏ ရည်းစားဟောင်း အကြောင်းကို စ၍ ဒေါသထွက်အောင် ဆွပေး တတ်သည့် နေရာမှာလည်းလွန်စွာပင်ထူးချွန်ပါ၏။

မ ကိုအရမ်းချစ်တယ်လို့ ကျွန်တော်ပြောသည့်အခါအတိုင်း စိုင်းနောင်နော်… လူလည်ကျတယ် ဟုပြန်သုံးနှုန်းလေ့ ရှိပြီး။ မှင်သေသေ နှင့် စိတ်လျှော့စိတ်လျှော့ ဟုပြောတတ်ပေသေးသည်။ တစ်ခါတစ်ရံ လေသံမာမာနှင့် ဒါနောက်စရာမဟုတ်ဘူး ဟုပင်ပြောတတ်သည်။ တကယ်တော့ မ ရယ် အချစ်ဆိုတာ မျိုသိပ်လို့ထားကောင်းတဲ့ အရာ တစ်ခုမဟုတ်ဘူး မ ရဲ့။ ကိုယ်ချစ်တာကို ချစ်တယ်လို့ ပြောလာတဲ့လူတစ်ယောက်ကို appreciate လုပ်သင့်တယ်။ ဒါကြောင့် မ ကျွန်တော့် ကို appreciate လုပ်သင့်တယ်နော်။ သူမ၏ တုန့်ပြန်မှု သြော် သြော် နှင့် ဟုတ်ပါပြီ ဟုတ်ပါပြီ ဆိုသည့်စကားထဲမှာ ကျွန်တော်၏ ချစ်ခြင်းပျော်ဝင်မှု တွေရပ်တန့်ပြစ်လိုက်နိုင်သည်က သူမ တော်လို့လား ကျွန်တော် ပင်ညံလို့ပင်လား သေချာမသိပေ။ အမှန် ကျွန်တော်သည် သူမ ထံမှ ဘာတုန့်ပြန်မှုမှ မမျှော်လင့်ခဲ့သော အချစ်သက်သက်ဖြစ် ချစ်နေသည့် ငပေါလေး တစ်ယောက်သာဖြစ်သည်။

'မ'
'ရှင့်'
………………………?

ဟင် … ခေါ်ပြီ ဘာမှလည်းမပြောဘူး ။

မဟုတ်ဘူး မ ။ မ ဆီက ရှင့် ဆိုတဲ့ အသံလေးကြားချင်လို့။ မ ပြုံးလိုက်သည်ဟုထင်သည်။ ဒါလည်း ရောဂါ ပဲနော် ဟု သူမခပ်သွက်သွက် ပြန်ပြောလိုက်သည်။ ဒီစကားတွေက ကလေးတွေပဲပြောတာ စိုင်းနောင်ရဲ့ လူကြီးတွေ မပြောဘူး ဆိုပြီး ကလေးအသံနှင့် လူကြီးပုံဖမ်းပြီး ပြီးတီတီလုပ်တတ်သော ကျွန်တော်ရဲ့ လွယ်အိတ်ထဲက အမြင်ကပ်စရာကောင်းသော အရုပ်မလေးလည်း ဖြစ်သည်။

1. အချစ်ကို ဂရိ မှာတော့ Eros, Storge, Philia နှင့် Agape ဆိုပြီး ၄ မျိုးဖြင့်ပုံဖော်ထားသည်။

2. အချစ်ကို တရုတ်စာပေပညာရှင်အချို့ကတော့ ကံတရားမှာ အပ်နှံထားတဲ့အရာပဲဖြစ်တယ် လို့ သုံးသပ်ထားသည်။

ကျွန်တော်ကတော့ အချစ်ကို အမှတ်တရများဖြင့် ပုံဖော်သည်ဟု မှတ်ယူထားသည်။ ထိုသို့ဆိုလျှင် မွေးပွ အ၇ုပ်လေးသည် အချစ်ဖြစ်မည်၊ wallet သည်လည်း အချစ်ဖြစ်မည်၊ ကော်ဖီခွက်သည်လည်း အချစ်ဖြစ်ပြီး သူမနှင့် သွားဖူးသည့် နေရာအားလုံးသည်လည်း အချစ်ပင်ဖြစ်သည်။ ဒါ့ပြင် သူမ၏ ချစ်သူအကြောင်းပြောပြသည့် အခါတိုင်း ထိုစကားများသည်ပင် ကျွန်တော့်အတွက် အချစ်ပင်ဖြစ်ပါလိမ့်မည်။ ထိုအချစ်သည် သ၀န်တိုမှုနှင့် ကြေကွဲခြင်းတို့ပါ ရောစပ်ထားသည့် ပျင်းရှရှ အချစ်ဖြစ်လိမ့်မည်။

သို့သော် …
အချစ်ဆိုတာ နာကျင်စေတဲ့ ဝေဒနာ တစ်ခုဟု ဆိုထားပြန်လျှင် ????

ထိုနာကျင်မှုသည် တန်ဖိုးအရှိဆုံးသော နာကျင်မှု ပင်ဖြစ်ပါလိမ့်မည်။ နာကျင်မှု ကိုမကြောက်သောသူသည် ကြင်နာမှုဒဏ် ကိုပိုခံနိုင်၏ဟု ဆိုထားသည်။ ထိုကြောင့် ကျွန်တော်၏ ခရီးဆောင်အိတ်ထဲတွင် ကြင်နာမှုရဖို့ နာကျင်မှုတွေပါ ရောပြွန်ထည့်ပြီး ကျွန်တော်၏ လုပ်ဖော်ကိုက်ဖက် ခရီးသွားနှင့် အတူ ဆက်လျှောက်ရပေဦးမည်။

အချိန်သည် ည (သို့) နေ့ (သို့) နာရီ/မိနစ်/စက္ကန့် တိတိ ဇူလိုင်လ (သို့) ၁၂ ရာသီ၏ နေ့တစ်နေ့သာဖြစ်သည်။

လူလိန် (၄.၇.၂၀၁၀)

~ တို့အင်းသား နှင့် မြို့ကြီးသား ~

အခန်း (၁)

အချိန်သည် လွန်ခဲ့သော နှစ် (၂၀) ခန့်ကဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ စီးပွားရေးတက္ကသိုလ်တွင် အဲဖော်၊ ကျော်ကြီး နှင့် ငပြူး တို့အချစ်ဆုံး သူငယ်ချင်းသုံးယောက်အဖြစ် အတူတူကျောင်းပြီးသည့်တစ်လျှောက်လုံး လက်တွဲခဲ့ကြသည်။ အဲဖော် သည် အင်းသားဖြစ်သည်။ ကျော်ကြီးကတော့ ရန်ကုန်သားဖြစ်ပြီး ငပြူးကတော့ အညာသားဖြစ်သည်။ သူတို့ သုံးယောက်သည် ကျောင်းပြီးသွားလျှင် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်၍ ၅ နှစ်ပြည့်လျှင် အဲဖော် ရှိသော အင်းလေးရွာ သို့သွားလည်ရန် ကတိပြုထားခဲ့ကြသည်။

အခန်း (၂)

အချိန်သည် ဘာလိုလိုနှင့် ကျောင်းပြီးပြီးနောက် ၅ နှစ်ကြာသွားလေပြီ။ သူတို့ ၃ ယောက်တစ်ယောက်ကိုတစ်ယောက် အစပိုင်းနှစ်တွေမှာ စာနှင့် အဆက်အသွယ်ရှိခဲ့ကြပေမယ့်လည်း၊ နောက်ပိုင်း အဲဖော် နှင့် စာအဆက်အသွယ်ပြတ်သွားသည်မှာ တစ်နှစ်လောက် တောင်ရှိပေတော့မည်။ အဲဖော်ကတော့ သူစာထဲမှာတော့ ကျောင်းပြီး အိမ်ပြန်ရောက်တော့ မိဘပေးစားသည့် သူနှင့် ယူပြီး ကလေးတောင် ရနေပြီဟုဆိုသည်။

အခန်း (၃)

ငပြူးသည် သူတို့ကတိထားခဲ့ကြသည့်အတိုင်း ၅ နှစ်ပြည့်သည်နှင့် ရန်ကုန်တို့ အရင်လာပြီး ကျော်ကြီးကိုခေါ်၍ အဲဖော်ရှိသော အင်းလေးရွာလေးသို့ အလည်လာရန် အင်းလေးသို့ ထွက်လာခဲ့ကြလေသည်။ ကျော်ကြီး နှင့် ငပြူးသည် တောင်ကြီး၊ အင်းလေးသို့ တစ်ခါမျှပင် မရောက်ဖူးသေးချေ။ ဒါကြောင့်ပင် ဟိုမေးဒီစမ်း ယောင်တ၀ါးဝါး နှင့် ညောင်ရွှေ လှေဆိပ်သို့ ရောက်လာသည်။ ညောင်ရွှေ လှေဆိပ်ရောက်သော သူတို့ သူငယ်ချင်း အဲဖော် ကပြောထားသည်ကို ပြန်အမှတ်၇မိသည်။ အဲဖော် ပြောထားသည်က

"မင်းတို့ ... လာမယ်ဆိုရင် ညောင်ရွှေလှေဆိပ်ရောက်ရင် ကြိုက်တဲ့သူမေး ... အဲဖော် ကိုမသိသူမရှိဘူး"

ဆိုသည့်စကားပင်။ ထိုကြောင့် သူတို့ နှစ်ယောက်သည် ညောင်ရွှေလှေဆိပ်က တွေ့ရာမော်တော်သမားကို အဲဖော် ဆိုသည့်နာမည်ကိုမေးကြည့် ပြီးစုံစမ်း ကြည့်လိုကသည်။ သူတို့ သူငယ်ချင်း ပြောထားသည့်အတိုင်းပင် မော်တော် သမားသည် ချက်ချင်းပင် အဲဖော် အိမ်လား၊ ဒါဆိုလိုက် ပို့ပေးမယ်ဆိုပြီး အတင်းလှေပေါ်တတ်ခိုင်းပြီး အဲဖော် ရှိရာ အင်းလေးရွာသို့ ထွက်လာခဲ့လေသည်။ သူတို့ နှစ်ယောက်သည် အင်းလေးကန်၏ သန့်ရှင်းလတ်ဆတ်သည့်လေကို တ၀ကြီးရှုရှိုက်လာပြီး ၊ လူတွေနှင့် ရင်းနီးနေပြီဖြစ်သော စင်ယော်များကို တသြံ တသြ ကြည့်လိုက်၊ သာယာလှပတဲ့ ရှုခင်းတွေကို ကြည့်လိုက်နှင့် လိုက်ပါလာကြသည်။

အခန်း (၄)

"မိနီရေ ... နင့်ဧည့်သည်တွေ ငါလာပို့တယ်ဟေ့"

မော်တော်သမားကြီး၏ အော်သံကြားလိုက်တော့မှာ သူတို့ နှစ်ယောက် မျောနေတဲ့ သူတို့စိတ်တွေ ချက်ချင်းအသက်ပြန်ဝင် လာသည်။ သူတို့နှစ်ယောက်သည် ဘေးပတ်ဝန်းကျင်ကို သေချာပြန်စူးစမ်းလေ့လာလိုက်သည်။ အခုသူတို့ နှစ်ယောက် ရောက်နေသည်မှာ အင်းထဲက ရေပေါ်ခြေသံရှည်အိမ်လေး ရှေ့မှာဖြစ်သည်။

"မိနီရေ ... မိနီ ... ဒီမှာ နင့်ဧည့်သည်တွေ လာပို့တယ်ဟေ့" လို့မော်တော်သမားက အိမ်ထဲသို့လှမ်းကြည့်ပြီ ထပ်မံအော်လိုက်သည်။

"အော် ... အေးအေး လာပြီ လာပြီ ... ဧည့်သည်တွေ အိမ်ပေါ်တက်ပါဦး" ဆိုသည့်အသံ နှင့်အတူ မိနီ ဆိုသော သူတို့ သူငယ်ချင်း အဲဖော်၏ မိန်းမကို အကောင်အထည်လိုက်တွေ့လိုက်ရသည်။ မိနီသည် တုပ်တုပ်ခိုင်ခိုင် အသားဖြူဖြူ နှင့် ရှမ်းချောချော သည်လို့ သူတို့ နှစ်ယောက်လုံး စိတ်ထဲမှာ မှတ်ချက်ချလိုက်မိသည်။ အိမ်ပေါ်ရောက်တော့ ... ငပြူးကစပြီး ...

"ကျွန်တော်တို့ သူငယ်ချင်း အဲဖော်ကော... ခင်ဗျာ့" လို့မေးလိုက်သည်။

မိနီ သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ... "ရှင်တို့ သူငယ်ချင်း သေးး (ဈေး) သွားတယ်ရှင့်" လို့ အင်းသံ ၀ဲဝဲဖြင့်ပြောလိုက်သည်။ ဒါကို သေချာသဘောမပေါက်တော့ ငပြူး နှင့် ကျော်ကြီးက သူတို့သူငယ်ချင်း အဲဖော် သေသွားသည် အမှတ်နှင့် ....

"ဖြစ်မှဖြစ်ရလေ ... သူငယ်ချင်းရယ် ... ငါတို့ အလာကောင်းပေမယ့် အခါနှောင်းသွားပြီပေါ့ ဟုတ်လား" ဆိုပြီး ရှိုက်ကြီးတငင် ငိုချလေတော့သည်။

မိနီလည်း ရုတ်တရပ်တော့ ကြောင်သွားသည်။ နောက်ချက်ချင်းဆိုသလိုပင် သဘောပေါက်ပြီး အိမ်နောက်ဘေးကို ၀င်သွားပြီး ဈေးခြင်းတောင်းကြီး ယူလာပြီး ငပြူး နှင့် ကျော်ကြီးေ၇ှ့မှာ ... "သေးး(ဈေး) သွားတယ် .... သေးး (ဈေး) သွားတယ်" လို့ ခြင်းတောင်းကိုင်ပြီး ဟန်လုပ်ပြလိုက်သည်။ သည်တော့မှပဲ ကျော်ကြီး နှင့် ငပြူးတို့ တော်သေးတာပေါ့ ဟုလေသံ နှင့်အတူ ငိုသံရပ် သွားတော့သည်။ ဒီတော့ မိနီက ဆက်ပြီး "အင်းလေး မှာက ၅ ရက်တစ်ဈေးဆိုတော့ ရှင်တို့ အဲဖော် ဈေးသွားရောင်းတယ် .. နက်ဖြန်မှ ပြန်ရောက်လိမ့်မယ် ... ရှင်တို့ အေးဆေး နားကြပေါ့နော်"

"ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်" လို့ နှစ်ယောက်သား ပြိုင်တူ မိနီ အားပြောလိုက်သည်။

အခန်း (၅)

"သားေ၇ .. အဲငဲ ... ဟဲ့ ... အဲငဲ ... ဒီကောင်ဘယ်တွေများလျှောက်သွားနေပါလိမ့်"

"အမေ့ ... သားဒီမှာ ... ဘာခိုင်းဖို့လည်း တို့မ" အဲငဲက အိမ်အောက်ထပ်ရှိလှေပေါ်တွင် ငါးထိုင်မျှားနေရင်း လှမ်းအော်ပြောလိုက်သည်။

"အော် ... အေး ... သားရေ ... ဧည့်သည်တွေ ဗိုက်ဆာနေရော့မယ် ငါးမြုံး သွားဖော်ချေ"

"ဟုတ်" ဆိုပြီး အဲဖောသား အဲငဲ အိမ်ပေါ်တက်လာသည်။ နောက် အိမ်နောက်ဘေးသို့ ၀င်သွားသည်။ သိပ်မကြာပါ ဓါးမ တစ်ချောင်းဆွဲ၍ သူတို့နှစ်ယောက် ရှေ့မှာရပ်လိုက်သည်။

"တို့မေ့ ... နှုတ်ခမ်းမွေး ပါတဲ့ကောင်ကို လုပ်၇မှာလား ... မပါတဲ့ကောင်ကိုလုပ်ရမှာလားအမေ့" လို့အိမ်နောက်ဘေးက မိနီကို လှမ်းမေးလိုက်သည်။ ကျော်ကြီး နဲ့ ငပြူး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရုတ်တရပ်ကြောင်နေကြသည်။ ဘာကြောင့်လည်းဆိုရင် ကျော်ကြီးသည် ငါးခူ နှုတ်ခမ်းမွေး နှင့် ဖြစ်ပြီး ငပြူးတော့ နှုတ်ခမ်းမွေးမပါပေ။

"တို့မေ့ ... သားနှုတ်ခမ်းမွေးပါတဲ့ ကောင်ပဲလုပ်လိုက်မယ်နော်"

"အေးအေး ... သားသဘောပဲ" မိနီ၏ စကားပြန်ကြားသံ ကြားပြီးသည့်နောက်မှာတော့ ကျော်ကြီးခင်ဗျာ ထပြီးး ...

"အမလေး ... ကျွန်တော့်ကိုမလုပ်ပါနဲ့ဗျာ ... ကျွန်တော်က ဘုရားနဲ့တ၇ားနဲ့နေတာပါ ... မသတ်ပါနဲ့ဗျာ ကျွန်တော့်ကို ... ကျွန်တော် တောင်းပန်ပါတယ် ... မိန်းမလည်း မရသေးဘူးဗျ" ဆိုပြီး ထအော်လေသည်။ အဲငဲ သည်ဓါးမကြီး ကိုင်ပြီ ကျော်ကြီး ဖြစ်နေသည့် ပုံအား နားမလည်နိုင်သလိုကြည့်လိုက်၊ ခေါင်းကုတ်ပြီး အိမ်အောက်သို့ ဆင်းသွားလေသည်။ သိပ်မကြာလိုက်ပါ လက်ထဲမှာ နှုတ်ခမ်းမွေးပါသော ငါးခူ ကြီးတစ်ကောင်ကို ကိုင်လိုက်ပြန်တတ်လာသည်။ အဲ့ဒီတော့မှ ကိုကျော်ကြီးလည်း သက်ပြင်း ချပြီး တော်သေးတာပေါ့ဟု သူ့အဖြစ်ကို တွေးပြီး နှစ်ယောက်သား ရယ်နေကြပြန်သည်။

အခန်း (၆)

မိနီသည် အဲငဲ ဖမ်းလာပေးသော ငါးခူကို ဧည့်သည်များ စားဖို့အတွက် ချက်ပြုတ်နေလေသည်။ ထိုအချိန်၌ အဲငဲ ဘေးနား ရောက်လာပြီး ... "တို့မေ့ ... ငါ မန်းမွတ်နေပြီ (ဗိုက်ဆာနေပြီ) အ၇င်ကျွေးနော်" လို့မိနီအား ပြောလိုက်သည်။

မိနီက "ခဏနေဦး သားရဲ့ ... မြို့ကဧည့်သည်တွေဆိုတာက အလှစားတာ ... အ၀စားတာမဟုတ်ဘူး သားရဲ့ ... သူတို့ပြီးမှ စားနော့်" လို့ သူ့သား အဲငဲ ကျေနပ်အောင်ပြန်ပြောလိုက်သည်။

"အေး ... ဒါဆိုလည်း သူတို့စားတာကို ငါ ထိုင်ကြည့်နေမယ်နော့်" လို့ပြောပြီး အိမ်ရှေ့ ရေကဖျင်းမှာ သွားထိုင်ပြီး ထမင်းဝိုင်းကို သေချာကြည့်နေလေသည်။ ကျော်ကြီး နဲ့ ငပြူးကလည်း ခ၇ီးကလည်းပန်း ဗိုက်ကလည်းဆာဆာနဲ့ ငါးခူ ကြောက်ကလည်း ကြွတ်ကြွတ်ရွရွ ထမင်းကလည်း ပူပူနွေးနွေးလေးနဲ့ဆိုတော့ အပြီးကိုလွေးတော့သည်။ အဲဖော်သား အဲငဲ ကလည်း ကျော်ကြီးတို့ ငပြူးတို့ စစားပြီး ဆိုကတည်းက သေချာကိုလိုက်ကြည့်နေသည်။ စိတ်ထဲမှာတော့ သူ့အတွက် ဟင်းကျန်ပါ့မလားလို့ တွေးနေပေသည်။

ကျော်ကြီး နှင့် ငပြူးသည် စားကောင်းကောင်း နှင့် ဆက်စာရင်း ငါးခူကြော် အပေါ်တစ်ခြမ်း အသားကုန်တော့ နောက်တစ်ဖက်ကို လှန်ပြီး စားရန်ပြင်လိုက်ဆင် ... "တို့မေ့ ... တဖက်လှန်နေပေါ့" ဆိုသည့် အဲငဲ၏ အော်သံကိုကြားလိုက်ရသည်။ ဒါနဲ့ ကျော်ကြီး နဲ့ ငပြူးလည်း လန့်ပြီး ထမင်းဝိုင်းကို ဆက်မစားတော့ပဲ လက်ဆေးပြီး ထမင်းဝိုင်းသိမ်းလိုက်သည်။

မိနီကလည်း သူတို့ စားလို့ပြီးပြီဆိုတော့ ထမင်းဝိုင်းသိမ်းရင် "အကိုတို့ စားချိုရဲ့လား (စားကောင်းရဲ့လား)" လို့မေးလိုက်သည်။ ကျော်ကြီးကလည်း မဆိုင်းမတွပင် "ဆားချိုနဲ့ချက်ထားတာလားဗျ ... ချိုတော့မချိုဘူး … ဒါပေမယ့် စားကောင်းတယ်ခင်ဗျ" လို့ပြန်ပြောလိုက်သည်။ မိနီလည်း ကျော်ကြီးစကားကြောင့် ကြောင်သွားသည်။ နောက်ပြောရန် ပြင်ပြီးမှ ပြောလည်းမထူးဘူးဆိုသည်ကို သဘောပေါက်သည်လားမသိ ... ဘာမှဆက်မပြောတော့ပေ။ ထမင်းဝိုင်းသိမ်းလိုက်ပြီးကော ... မိနီက "သားရေ ... အိမ်နောက်မှာ မုန့်ဆိုင်း ယူခဲ့ဟေ့" လို့ သူ့သား အဲငဲ အားလှမ်းပြောလိုက်သည်။ ငပြူးက အားနာသွားဟန်တူသည်။ ဒါကြောင့် "အော် ... ရပါတယ်ဗျ ... ကျွန်တော်တို့ ဘာမှထပ်မစားတော့ပါဘူးးးဗျ ... မုန့်စိမ်းပေါင်းလည်း ကျွန်တော်တို့မကြိုက်ပါဘူးဗျ ... တကူးတကကြီး လုပ်မနေပါနဲ့တော့" ဟူ၍ လက်ဟန်ခြေဟန်ဖြင့် အကြောက်အကန်ကို ငြင်းနေသည်။ ထိုအချိန်၌ အဲငဲ သည် အိမ်နောက်သို့ဝင်သွားပြီး … တံမြက်စည်း ယူလာပြီး မိနီအားပေးလိုက်သည်။ ထိုအခါမှ ငပြူးလည်း မုန့်ဆိုင်းဆိုတာ တံမြက်စည်းကို ခေါ်တာကိုး ဟူ၍သဘောပေါက်သွားသည်။ နောက် ရှက်ရှက်နှင့် မသိမသာ သက်ပြင်းလေးချရင်း စိတ်ထဲမှာ "တော်သေးတာပေါ့ … မုန့်ဆိုင်းအရမ်းကြိုက်တာ စားမယ်လို့ ပြောမိလိုက်ရင် … တော်ကြာလူထူးလူဆန်းဆိုပြီး တံမြက်စည်းတွေကြီး လှိမ့်ကျွေးနေရင် ဒုက္ဒနော်" ဆိုပြီးတွေးလိုက်မိသည်။

အခန်း (၇)

ညဘက်ရောက်တော့ မိနီက သူတို့နှစ်ယောက်အတွက် အိမ်ရှေ့ခန်းမှာ အိပ်ယာခင်းပေးလေသည်။ အချိန်ကတော့ ၇ နာရီလောက်တာရှိသေးသည်။ နယ်ရဲ့ဓလေ့အတိုင်း စောစောအိပ်ကြလေ့ရှိသည့်အတွက် ၇ နာရီဆိုသော အချိန်ကတော့ မစောဘူးလို့မှတ်လို့ရပေသည်။ အမှန်ကျော်ကြီးနဲ့ငပြူး သည် သူတို့နယ်တွေမှာဆို ဒီအချိန်အိပ်ကြသေးသည်မဟုတ်ပေ။ အခုတော့ ခရီးလည်းပန်းလာပြီ ဖြစ်သည့်အတွက် မိနီခင်းပေးသည့် အိပ်ယာခင်း၌ ပင် စောစော အိပ်ကြရန် ပြင်လိုက်ကြသည်။

"ကဲ … အကိုတို့ အိပ်ကြတော့နော် … ငါ လည်းသွားအိပ်တော့မယ် … ခေါင်းရင်းမှာ ရေကျား လည်းရှိတယ်နော် … အကိုတို့ထစရာ မလိုတော့ဘူးပေါ့" လို့ပြောပြီး မိနီ သူ့အခန်းထဲသို့ ၀င်သွားသည်။ ငပြူး နှင့် ကျော်ကြီးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရေကျားဆိုသည့် အသံကြားလိုက်သည့်အတွက် မအိပ်ရဲကြတော့ပေ။ အကြောင်းမှာ သူတို့ အိပ်နေတုန်း သူတို့ခေါင်း ရေကျားဆွဲသွားမည် ဆိုးသောကြောင့်ပင်။

မနက် (၅) နာရီခွဲခန့် …

မိနီတစ်ယောက် နိုးလာပြီး ထမင်း၊ ဟင်းချက်ဖို့ အသီးအရွက် ခူးရန် အိမ်ရှေ့သို့ထွက်လာသည်။ အိမ်ရှေ့ခန်းထဲတွင် ဧည့်သည် နှစ်ယောက် ကိုလှမ်းကြည့်လိုက်တော့ ကျော်ကြီး နှင့် ငပြူးမှာ သူ့ကိုပြန်ပြီး ပြူးကြည့်နေသည်ကိုတွေ့လိုက်သည်။

"အော် … အကိုတို့ နိုးပြီလား … အစောကြီးနော် … ညက အိပ်မွှေ ရဲ့လား" ဆိုပြီးမေးလိုက်သည်။ ကျော်ကြီး နှင့် ငပြူးသည် မိနီ၏ အမေးစကားကြောင့် ပြာပြာသလဲပင်။

"ဗျာ … ကျွန်တော်တို့ အမတို့ အိပ်နေတုန်း ဘယ်အိတ်မှ မမွှေပါဘူးဗျာ … မွှေဖို့နေနေသာသာ ရေကျား ဆွဲမှာ ကြောက်လို့ တစ်ညလုံး ဒီတိုင်း ငုတ်တုပ်ထိုင်နေတာဗျ" လို့ ငိုသံပါကြီးနဲ့ပြန်ပြောလိုက်သည်။

"ခစ် .. ခစ် … ခစ် … အကိုတို့ရယ် ဖြစ်မှ ဖြစ်ရလေ … ကျွန်မပြောတဲ့ ရေကျားဆိုတာက ဟော့ဒီမှာ" ဆိုပြီး သူတို့ခေါင်းရင်းနား သွားပြီး ရေတကောင်းကို ယူပြီးပြလိုက်သည်။

"အမလေး … ကိုရေကရား ၇ယ် ကျွန်တော်တို့ကို တစ်ညလုံး နှိပ်စက်လှချည်လားဗျ … နှိပ်စက်လို့တင်မကဘူး မနက်စောစော စီးစီး အိတ်တွေ မွှေလားဆိုးပြီး မေးလားမြန်းလားလည်း လုပ်သေးတယ်ဗျ … အဲဖော်ရေ" ဆိုပြီး သူတို့ သူငယ်ချင်း နာမည်ခေါ်ပြီး တငိုငိုတရီရီ ဖြစ်နေပြန်သည်။ ဒီတော့ မိနီကလည်း "အကိုတို့ … အကိုတို့ကို အိတ်မွှေတယ်လို့ မစွတ်စွဲပါဘူးနော် … အိပ်မွှေလားလို့ ပျော်တာ … အိပ်မွှေတယ်ဆိုတာ အိပ်ကောင်းလားလို့ပြောတာနဲ့ အတူတူပဲ အကိုတို့ရဲ့"

"ဗျာ … သေလိုက်ပါတော့" ဆိုသော အသံနှင့် နှစ်ယောက်လုံး ကိုယ့်နှဖူးကို ပြန်ရီုက်လိုက်ကြတော့သည်။

နေ့လည် လောက်ကြတော့ သူတို့ သူငယ်ချင်း အဲဖော် ပြန်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင် နဲ အလွဲများကို ပြောပြီး တ၀ါးဝါး တဟားဟားနဲ့ ပြန်လည်ပွဲကျနေကြတော့သည်။

အခန်း (၈)

ကျော်ကြီး နှင့် ငပြူးသည် အင်းလေမှာ ၃ ရက်လောက်နေပြီး ပြန်ဖို့ပြင်ကြတော့သည်။ သိသည့်အတိုင်းပင် အင်းလေးကနေ မြို့ပြန်ဖို့က ညောင်ရွှေကို လှေစီးရဦးမည်။ အဲဖော်သား အဲငဲသည် လှေဦးမှာသွားထိုင်သည် ဧည့်သည် ၂ ယောက်ဖြစ်တဲ့ သူတို့မှာတော့ အလယ်မှာထိုင်ပြီး အဲဖော် ကတော့ လှေနောက်ပိုင်းမှာ လှေလှော်ပြီး ချောင်းရိုးလေးအတိုင်း ထွက်လာခဲ့တော့သည်။ ချောင်းရိုး အလယ်လောက်ရောက်တော့ အဲဖော်သား အဲငဲ ကထပြီး …

"တို့ဖ … နေအုံး … ကြည့်လိုက်ဦးမယ် မိကျောင်း … မမိကျောင်း" ဆိုပြီး သူ့ အဖေ အဲဖော်ကိုလှမ်းပြောလိုက်သည်။ ကျော်ကြီး နှင့် ငပြူးသည် မိကျောင်း ဆိုသည့်အသံကြားသည်နှင့် "ဘာ … မိကျောင်း … မိကျောင်း … ဟုတ်လား" ဆိုပြီး မိကျောင်းလိုက်လာတယ် ထင်ပြီး ကုန်းရိုးဆီသို့ ဆင်းကူးပြေးလေးတော့သည်။ ပါးစပ်ကလည်း နှစ်ယောက်လုံး …

"ကြောက်ပါပြီဗျ … နောက်ဆိုအင်းလေးကို မလာတော့ဘူးဗျို့" လို့အော် ပြီး ကုန်းရိုးပေါ်တတ် ကုန်းရိုးရောက်တော့ အော်ပြီး ညောင်ရွှေဘက်ဆီသို့ ဆက်ပြေးသွားလေသည်။ အဲဖော် လည်းလိုက်တားသေးသည် သို့ပေမယ့် မမှီတော့ပေ။

**** ပြီးပါပြီး ****

ဤပို့စ်လေးဖတ်ပြီး မိတ်ဆွေသူငယ်ချင်းများအနေဖြင့် မုန့်ဆိုင်း စားချင်သည်ဆိုပါက ကြိုက်သလောက်စား ကျွန်တော်အ၀ကြွေး မည်ဖြစ်ပြီး နှင်နေမှာစိုးသဖြင့် ရေကျားဖြင့်လည်း အလကားတိုက်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ စားချင်သူများ ကျွန်တော့်ကို အမြန်ဆုံးဆက်သွယ်ကြပါခင်ဗျ။

မှတ်ချက်။ ။ ဤပို့စ်လေးသည် ကျွန်တော် ငယ်ငယ်က ညအိပ်ရာဝင်တိုင်း အမေပုံပြောပြီး သိပ်ခဲ့တဲ့ ပုံပြင်တွေထဲက အင်းသားပုံပြင်လေးအား ပြန်လည် ကိုးကားထားခြင်းဖြစ်ပါသည်။

.

လူလိန်

~ ကျွန်တော်နှင့်သင်္ကြန်တိုက်ပွဲ ~

2010 သင်္ကြန်ကတော့ ကျွန်တော့်အတွက် ဘာမှထူးခြားမှု မရှိပေမယ့်လည်း သင်္ကြန်အကြိုနေ့တစ်ရက်တော့ အမှတ်ရစရာလေး တွေတော့ အနည်းအကျဉ်းကြုံခဲ့ပါသည်။ ဒါပေမယ့် အခုရေးမယ့် ဇာတ်လမ်းလေးက ကျွန်တော်ကြုံခဲ့ရတဲ့ အမှတ်တရ အကျဉ်း အကြောင်းတော့မဟုတ်ပေ။ သင်္ကြန်အကြတ်နေ့ ရပ်ကွက်ထဲမှာ ကြုံခဲ့တဲ့ သင်္ကြန်တိုက်ပွဲ လေးအကြောင်းပါ။ ထိုတိုက်ပွဲလေးကိုကြည့်ပြီး ငယ်ငယ်တုန်းကအကြောင်းလေးတွေလည်း ပြန်လည်းတွေးမိရင်း ယခုတိုက်ပွဲလေး အကြောင်းကို ကျွန်တော့် ပြောပြချင်မိတာနဲ့ ဇာတ်လမ်းဆင်ပြီး ဇာတ်ကောင်တွေနေရာမှ ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း နာမည်တွေ အစားသုံးပြီး စာဖတ်ပရိတ်သတ်ကြီးဆီကို ဝေမျှလိုက်ပါသည်။ ဇာတ်လမ်းမှာပါတဲ့ နာမည်တွေနဲ့ မိမိနာမည် တိုက်ဆိုင်သွားမည်ဆိုလျှင်လည်း သည်းခံပေးကြပါလို့။ သည်းမခံနိုင်ရင်လည်း အိမ်ခေါ်ပြီးထမင်းဖိတ်ကျွေးလို့ ရပါသည်လို့ ကြိုပြောထားပါရစေ။


အခန်း ()


ကျီစားသလား .... ဒီအရိပ်မှာလာပါနားပါ ... မုန့်လုံးရေပေါ်တွေစားကျ ... အားး အားးး ... အ အားး ...

ရွှေမေတ္တာထားတယ်မလားကွာ ... ငရုတ်သီးလေလောက်တော့သနားတယ် ... သေဆေးတောင် မင်းကကျွေး ရင် ... မငြင်းဘူး ကိုယ်ကစား ... အာာ အားးးး ... အာ အားးးး

ကလေးတသိုက် မဏ္ဍပ်ရှေ့မှာ ကတဲ့ကလေးက က ရေပတ်တဲ့ကလေးက ပတ် ၊ ရေပြွှတ်ထဲ ရေထည့်တဲ့သူက ထည့်နှင့် စည်းစည်းကားကားပင်။ ထိုကလေးများထဲတွင် ကလေးဗိုလ် ဖြစ်သော အခုစုဗူးတွင် ရေပန်းစားနေသော ဟီရိုးစတား (Herostaraung) ခေါ် အောင်အောင် ပင်။ အခုလည်း သူကပင် အစပြုလို့ ကျန်တဲ့ကလေး များကို စုပြီး ဘာတွေကြံနေလည်းမသိပေ။

"ရဲဘော်တို့ .... ရဲဘော်တို့ဟာ ရဲဘော်တွေဖြစ်တယ် ။ ဒီနေ့ သင်္ကြန်အကြတ်နေ့မှာ ငါတို့ တိုက်ပွဲကြီး တစ်ပွဲ ဆင်နွဲ၇လိမ့်မယ်။ ဘာလို့လည်းဆိုတော့ မနေ့ညက ဟိုဘက်လမ်းက လိပ်ပြာလေးနဲ့အရူးမ ဦးဆောင်ပြီး စုဂျလီနာဂျိုလဲ့ ဦးစီးတဲ့ ပြားပြားကြီးတပ်၊ အင်အား ၈ ယောက်ပါတပ်က ငါတို့ ဘောဘောကြီးတပ်ကို စိန်လာခေါ်ထားတယ်။ နောက်ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေ ၀တ်ရည် နဲ့ နိုဝင်ဘာစကိုင်း (ရည်မွန်) တို့ ဦးစီးတဲ့ ချောင်ချောင်လည်တပ်ကိုလည်း စစ်ကူအနေနဲ့ ခေါ်ထားတယ်လို့ သတင်းရရှိထားတယ်။ ဒါကြောင့်ရဲဘော်တို့ ဖျက်လက်တတ်ကြွပြီး၊ အနိုင်မခံအရှုံးပေးစိတ်ဓါတ်နဲ့ ပြားပြားကြီးတပ်နဲ့ ချောင်ချောင်လည်တပ်ကို အနိုင်တိုက်မှ ဖြစ်မယ် ရဲဘော်တို့။ ဒီတော့ ရဲဘော်တို့ကို တာဝန်ပေးမယ်။ စိုးမိုး၊ ၀ါဝါ နှင့် ၀ိုင် ဦးဆောင်တဲ့တပ်က ချောင်ချောင်လည် တပ်ကိုတာဝန်ယူပါ။ ငါက ကျေးတော်မျိုး နှင့် သူရဲစိမ်းတို့တပ်တွေကို ဦးစီးပြီး ပြားပြားကြီးတပ် ကိုတာဝန်ယူတိုက်ပေးမယ်။ ဒါမှ မနက်ဖြန် သူတို့ထပ်ပြီး ဂျိုမထနိုင်အောင် အပြီးသပ်ချေမှုန်းပြီး ဘောဘောကြီး အင်ပါယာကို ထူထောင်ရမယ် ရဲဘော်တို့။ ပြောတာရှင်းရဲ့လား ရဲဘော်တို့" အောင်အောင် ကအောင်မြင်ခန့်ငြားတဲ့လေသံနဲ့ အမိန့်ပေးလိုက်သည်။

"ဟုတ်ရှင်းပါတယ် ... ဂီးဆောင်ကျောင်း"

"ဘာလည်းကွ ... ဂီးဆောင်ကျောင်း ... မင်းတို့က ငါ့ကိုရွဲ့တာလား"

"မရွဲ့ပါဘူး ... ဂီးဆောင်ကျောင်း ဆိုတာ ခေါင်းဆောင်ကြီးလို့ ပြောတာပါ"

"အေးး .... ဟုတ်သား ... ရဲဘော်တို့ တော်တယ် ... ကြီးပွားမယ် ... တိုးတက်မယ်" ဆိုပြီး သဘောအကျကြီးကျတဲ့ လေသံကြီးနှင့်ပင် ဆက်လက်၍ ...

"ကဲ ... ဒါဆို အချိန်မလင့်ခင် ရဲဘော်တို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားတော့၊ မကြာခင် တိုက်ပွဲဖြစ်မယ့် ချိန်ပါကုန်း ကိုသွားမယ်"

" ဟုတ် ... အမိန့်နာခံလျက်ပါ ဂီးဆောင်ကျောင်း"


အခန်း ()


ဒီမှာ တင်းတယ် ... တင်းတယ် ... တင်းတယ် တင်းတယ် ဟေ့ ... နောက်တစ်ယောက်ထားရင် သတိထားကွာ .. အို့ ... တင်းတယ် ... တင်းတယ် ... တင်းတယ် တင်းတယ့် ဟေ့

အေသင်ချိုဆွေ ရဲ့ သီချင်းသံများနှင့်အတူ လိပ်ပြာလေး တို့ပြားပြားကြီးတပ် အလုပ်ရှုပ်နေလေပြီ။ ဒီနေ့ ဘောဘောကြီးတပ်ကို သူတို့ ပြားပြားကြီးတပ် ဘယ်လောက်စွမ်းတယ်ဆိုတာကို ပြရမည့်နေ့ပင်။ ဒါကြောင့်ပင် အခုလို အစွမ်းပြဖို့ သင်္ကြန်အကြိုနေ့ကတည်းက သေချာအကွက်ကျကျ စီစဉ်ထားပြီး။ အကြတ်နေ့တွင် ဘောဘောကြီးတပ်ကို အပြတ်ဖြုတ်ဖို့ ကွတ်တိဖြစ်အောင်လုပ်ထားသည်။ ဒါကြောင့်ပင်အကျနေ့ညက သူကိုယ်တိုင် ဘောဘောကြီးခေါင်းဆောင် ဟီးရိုးစတား ခေါ် အောင်အောင် ကိုစိန်ခေါ်စာ သွားပေးထားခြင်းပင်။ အခု သူ့ဘက်က လူတွေကတော့ အားလုံးစုံသလောက်တော့ ရှိသွားပြီ။ ၀တ်ရည် နှင့် ရည်မွန်တို့ ဦးဆောင်တဲ့ ချောင်ချောင်လည် တပ်ကလည်း ရောက်ရှိလို့နေလေပြီလေ။ မကြာခင် တိုက်ပွဲဖြစ်မည့် ချိန်ပါကုန်း ကိုချီတက်ကြရမည်ဖြစ်သည်။ မချီတတ်ခင် သေချာအောင် လိုအပ်သည်များကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ရွံရေခပ်ထားသော၊ ရေပုံးရေခွက်၊ စပ်ပြာရေထည့်ထားသော ရေသန့်ဘူး ၊ နောက် ရေအိတ် နှင့် ခိုးကြောင်ခိုးဝှက် ယူလာသော ရေပုဖောင်းတွေ။ စုဂျလီနာဂျိုလဲ့ တပ်ကလည်း စတီးရေပြွှတ် တွေေ၇အပြည့်နှင့် အသင့်အနေထား ရှိနေလေပြီ။ လိပ်ပြာလေး ကျေးနပ်စွာပြုံးလိုက်သည်။ နောက် အရူးမ ကို အိုကေ ဆိုသော သဘောဖြင့် လက်မ ထောင်ပြပြီး။ အယောက် ၂၀ ခန့်ရှိသော ပြားပြားကြီးတပ် နှင့် ချောင်ချောင်လည်တပ် တို့ ချိန်ပါကုန်း ဆီသို့ချီတက်လာကြသည်။


အခန်း ()


*** ချိန်ပါကုန်း ***

အချိန်က ၁၀ နာရီထိုးဖို့ ၁၀ မိနစ်လို၊ တိုက်ပွဲစမည်က ၁၀ နာရီတိတိတွင်။ နေကလည်း တော်တော်ပူနေသည်။ နေပူပေမယ့် နှစ်ဘက်လုံး ရေစိုဝတ်တွေ နဲ့မို့ ဒီအပူဒဏ်ကိုတော့ ကြံ့ကြံ့ခံနိုင်လောက်ပေသည်။ နှစ်ဘက်အဖွဲ့ လုံး ချိန်ပါကုန်းသို့ ရောက်နေကြလေပြီ။ စာဖတ်သူများ ချိန်ပါကုန်း နာမည်ဘာကြောင့် ပေးထားသလဲဆိုတာကို သိချင်ကြမည်လို့ ထင်ပါသည်။ ချိန်ပါကုန်း နာမည်မှာ ရာဇ၀င်နှင့် ဖြစ်သည်။ အ၇င်က ထိုနေရာအား သမီးရည်းစား အတွဲသစ်လေး များ လွတ်လွတ်လပ်လပ် ရှိသည်ဆို၍ သွားသွား ချိန်းတွေ့ကြ၊ ချစ်ခြင်းနှောကြသည့် နေရာကောင်းဖြစ်သည်လို့ ပြောကြသည်ပင်။ ဒါကြောင့် ချိန်းပါကုန်း ဟု အမည်တွင်နေရာကနေ၊ ချိန်ပါကုန်း လို့တဖြည်းဖြည်း အမည်တွင်လာခြင်းဖြစ်သည်။ ယခုလည်း ချိန်ပါကုန်းတွင် ဘောဘောကြီးတပ် နှင့် ပြားပြားကြီးတပ် တို့တွေ့ကြလေပြီ။ နှစ်ဘက်အဖွဲ့လုံး ၀ါးတစ်ပြန်အကွာလောက်မှာ မျက်နှာခြင်းဆိုင် ရပ်နေကြသည်။ တစ်ဖွဲ့ နှင့် တစ်ဖွဲ့ ကလည်း တကယ့်ရန်သူဟောင်းကြီးတွေ တွေ့သည့်နှယ် စိမ်းစိမ်းကြီးတွေ အပီဖဲ့မည့် အနေထားဖြင့် ကြည့်နေကြသည်။ တိုက်ပွဲစဖို့ ၅ မိနစ်သာလိုတော့သည်။ ခေါင်းဆောင်တွေ ဖြစ်သော အောင်အောင် နှင့် စိုးမိုးက ရှေ့သို့ အနည်းငယ် ထွက်လိုက်သည်။ ထိုနည်းသူစွာပင် ပြားပြားကြီးတပ်နှင့်ချောင်ချောင်လည်တပ် မှ လိပ်ပြားလေး၊ အရူးမ နှင့် ၀တ်ရည်တို့ကလည်း ရှေ့သို့ထွက်လိုက်သည်။ ဘောဘောကြီးတပ် ကတော့ ပြားပြားကြီးတပ် တို့ထက်စာလျှင် အင်အားနည်းသည်လို့ ဆို၇ပေမည်။ သို့ပေမယ့် ဘောဘောကြီးတပ်ခေါင်းဆောင် အောင်အောင် ကတော့ အေးဆေးပင်။ တိုက်ပွဲမစခင် စိတ်ဓါတ်စစ်ဆင်ရေးစဖို့ လိပ်ပြာလေးကို လှမ်းစ လိုက်သည်။

" ဟေ့ ... မိပြားကြီး ... နင်တို့ ပွဲမစခင် အရှုံးပေးချင်ပေးလို့ရတယ်နော် ... နောက်မှ ကြောက်လှပါချည်ရဲ့လို့ မလုပ်နဲ့ .... ကြားလား မိပြားကြီး"

" အောင်မာ ... ဘောစုတ် ... ဘောနာ ... ဘောပြတ်ကြီးကများ ... နင်တို့ ဘောကြီးတပ်ကို မကြောက်လို့ ငါတို့က စပြီးစိန်ခေါ်ထားတာပေါ့ဟဲ့ ... ဟ ဟ ... အခုနင်တို့ ကြောက်နေပီမလား ... ကြောက်လို့ အဲ့လို စကားတွေ လာပြောနေတာပေါ့"

"ဟ ဟ ... နင်တို့ကို ကြောက်မှတော့ ဒီအထိလာစရာလိုလို့လား မိပြားစုတ်ပြတ်မကြီး ရဲ့ ... နင်တို့ တပ် နှစ်ခုလုံး ကို ပြားတဲ့တပ်က လုံးသွားအောင် ၊ ချောင်တဲ့တပ်က ကြပ်သွားအောင် စော်ပလိုက်မယ် ... ကြည့်ထားလိုက် .. ဟ ဟ"

"အောင်မာ ... အောင်မာ ဘောစုတ်ကများ ... နင်တို့ ဘောတပ်ကိုလည်း ကြီးတာကနေ သေးသွားအောင် စော်ထည့်ပလိုက်မယ် ... ဘာမှတ်လည်း"

အပြန်အလှန် စကား တိုက်ပွဲကတော့ စတင် ပြင်းထန်နေလေပြီ။ တကယ့် တိုက်ပွဲဖြစ်မယ့် အချန်ကလည်း တဖြည်းဖြည်း နီကပ်လို့ လာပြီး နာရီ မိနစ်တံကလည်း ၁၀ နာရီဆီသို့ တည့်တည့် ထိုးစိုက် အချက် ပြလိုက်လေသည်။ သူတို့၏ နှစ်ဖက်လက်မှာ ပတ်ထားသည့် နာ၇ီဆီမှလည်း အသံပေါင်းစုံထွက် လာတော့သည်။

၁၀ နာ၇ီထိုးသည်နှင့် တပြိုင်နက် .... တက် ဆိုသော အသံကြီးနှင့်အတူ အောင်အောင်က သူ၏ တပ်ကို အမိန့်ပေးလိုက်သည်။ လိပ်ပြာလေး နှင့် ရည်မွန်တို့ကလည်း ကြိုတင်ကြံစည်ထားသည့်အတိုင်း ဘောကြီးတပ် ရှေ့သို့ တက်လာသည်နှင့် သူတို့တပ်တွေကို ပစ် ဆိုပြီး အမိန့်ပေးလိုက်သည်။

ဘောကြီးတပ်တို့ ရှေ့သို့ ၃ လှမ်းလောက် လှမ်းလိုက်သည်ဆိုရင်ပဲ။ ပြားပြားကြီးတပ် နှင့် ချောင်ချောင်လည် တပ်ဆီမှ ရေထုပ်တွေ တန်းဆီးပြီး ဘောကြီးတပ်တို့ ခေါင်းပေါ်ကိုကြကုန်သည်။ ဘောကြီးတပ်ကလည်း ထင်မထားသည့် အကွက်မို့ တော်တော် အထိနာကုန်ပြီး။ နောက်ကိုအမြန် ပြန်ဆုတ်လိုက်ကြသည်။

"ဟားး ... ဟားး ... ဟား ... မှတ်ပီလား " ပြားပြားကြီးတပ် နှင့် ချောင်ချောင်လည်တပ်မှ ရီမော သံများ ဆက်တိုက်ဆိုသလို ထွက်လာသည်။

"တောက် ... ရီ မနေ နဲ့ မပြားကြီး ... နင်တို့ အလှည့်ပြီး ငါတို့အလှည့်ပေါ့ကွာ" လို့လည်း ပြောရင်း ၀င်လုံးဟေ့ ဆိုတဲ့ အသံနက်ကြီးနဲ့အတူ အောင်အောင်၏ အသံကဟိန်းလို့ထွက်လာသည်။ အမိန့်ပေးလိုက်သည်နှင့် ၀ါဝါ၊ ၀ိုင် နှင့် စိုးမိုးတို့ကလည်း ကျားးးး ဆိုပြီး ပြားပြားကြီးတပ်နှင့်ချောင်ချောင်လည်တပ်ဆီသို့ ပြေးတက်လာသည်။


အခန်း ()


ချောင်ချောင်လည်တပ်မှ ၀တ်ရည်က တစ်ချက်ပြုံးလိုက်သည်။ နောက်သူ့လူတွေကို ဘောတပ်တွေကို အလုံးနဲ့ ပစ်ဆိုပြီး ထပ်မံအမိန့်ပေးလိုက်သည်။

" ၀ှီးးးး .... ဖွမ်းး ... ဘတ် ... အင့် .... အား နာတယ်ဗျ ... ရွံရည်တွေဟေ့ ... ဝေါ့ .. ဝေါ့ ... အမေရေ ပါးစပ်ထဲဝင်ကုန်ပြီဗျ ... မိချောင်လည် တို့ယုတ်မာပြီဟေ့ ဆုတ်ဆုတ်" ဆိုသည့် အသံများ ဆူညံပွက်လော ၇ိုက်ကုန် တော့သည်။

"ဟေ့ ... မိပြားကြီး နဲ့ မိချောင်လည် တို့ နင်တို့ တော်တော်ယုတ်မာပါလား ... ထွီး ... အေး နင်တို့ အဲ့လောက် ယုတ်ပတ်မှတော့ ... ငါတို့လည်း မညှာတော့ဘူးး ... ရဲဘော်တို့ ... တိုက်ကွက် () ကိုပြောင်းမယ်။ အဆင်သင့်ပြင်"

အောင်အောင် အမိန့်ပေးလိုက်သည်နှင့် သူတို့ခါးမှ ကျွတ်ကျွတ်အိတ်ကို ဖြည်ပြီး ရေတွေထဲကို ခပ်ထည့်နေသည်။

မိပြားကြီးတို့ကလည်း ဘောကြီးတပ်တို့ ဘာလုပ်မလည်းဆိုတာကြည့်ရင်း အသင့်အနေအထားကို ယူထားလိုက်သည်။

"ဂီးဆောင်ကျောင်း ... အားလုံး အဆင်သင့်ပါပဲ"

"အေးဒါဆို ... ဒီတစ်ခါ လုံးဝပြန်မဆုတ်နဲ့ အနာခံပြီးဝင်ရမယ် ... တိုက်ကွက် () သုံးပြီးတာနဲ့ () ကိုချက်ခြင်းပြောင်းပါ ... ရှင်းလား ရဲဘော်တို့"

"ဟိုင်း ... ရှင်းပါတယ် ဂီဆောင်ကျောင်း"

"အေးး .. ဒါဆို ရဲဘော်တို့ ... တက် ..."

လက်ထဲကေ၇ပြွတ်ကို သေနတ်အစစ်များကိုင်ထားသလို စစ်မြေပြင်မှာ ရန်သူနေရာကို ၀င်သိမ်းသည့်အလား ... ညာသံပေး၍ ထုတ်လိုက် သွင်းလိုက် သွင်းလိုက်ထုတ်လိုက် လုပ်ပြီး .... ပြားပြားကြီးတပ်နှင့် ချောင်ချောင်လည်တပ်ဆီသို့ တဟုတ်ထိုး ထိုးစစ်ဆင်လိုက်သည်။

ပြားပြားကြီးတပ်ကလည်း ကြိုတင်ပြင်ဆင်ထားသည်မို့။ တက်လာသည်နှင့် ဆပ်ပြာရေများ နှင့် မျက်နှာကို ပက်ရန် အသင့်အနေထား ယူထားလိုက်သည်။ ထိုအချိန် ဘောဘောကြီးတပ်မှ ထိုးစစ် ဆင်လာသော ရေပြွတ် မှ ရေများ သူတို့ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ဘောဘောကြီးတပ်တို့ အနားကပ်သည်နှင့် ပ်ပြာရေထည့်ထားသော ရေဖြင့် ဘောဘောကြီးတပ်သား များ၏ မျက်နှာများသို့ ပက်ဖျန်းလိုက်လေသည်။

"ဗွမ်း ... အင့် ... အုန်း .... အားးး စပ်တယ် စပ်တယ် ... စပ်တယ်" စသည့်အသံများ ...

"အားးး ... ယားတယ်ဟေ့ ... ယားတယ် .... အားးး ဟိုအယုတ်တမာတွေ ခွေးလျားသီးမှုန့် ရေတွေနဲ့ ပတ်တယ်" ဆိုပြီးး လိပ်ပြာလေး shirt အကျီအတွင်းကို လက်နိုက်ပြီး ပယ်ပယ် နှယ်နှယ်ကုတ်နေသည်။ အရူးမကလည်း ခေါင်းကုတ်လိုက် ဖင်ကုန်လိုက် ပေါင်ကုန်လိုက်၊ ၀တ်ရည် နှင့် ရည်မွန် ကို ကြည့်လိုက်ပြန်တော့လည်း သူတို့ရဲ့ ကြီးမားတဲ့ လက်မောင်းလုံးကြီးတွေကို ကိုင်ပြီး တဗြင်းဗြင်းနဲ့ ကုတ်နေတာ ဆိုင်ကယ် မောင်းနေသလား မှတ်ရတယ်။ စုဂျလီနာဂျိုလဲ့ကလည်း သူရဲ့ အထူးခြားဆုံးသော နှုတ်ခမ်းကို ထပ်ထော်ပြနေပီး လက်မနဲ့ အသားကုန်သာပွတ်ချေနေတော့တယ်။

သူတို့ ကုတ်နေတဲ့အချိန်မှာအတွင်းမှာပဲ ဘောဘောကြီးတပ်သားတွေက စပ်တဲ့မျက်လုံးတွေကို ရေးဆေးလို့ပြီးသွားတဲ့အတွက် ... တိုက်ကွက် ၃ ကိုပြောင်းးပြီးတိုက်ဖို့ စိုးမိုး ယူလာတဲ့ ဒယ်အိုးဖင်မည်းကြီး ကို လက်တွေနဲ့ ပွတ်သပ်ယူနေကြသည်။ ဒါကို လိပ်ပြာလေးကလည်း သူ့ရင်ဘက်ကိုကုတ်နေရင်း လှမ်းမြင်လိုက်သည်။ ဒါကြောင့် အခြေအနေမဟန်မှန်းသိလို့ နောက်ပြန်ဆုတ်ခိုင်းဖို့ သူ့တပ်တွေကို အမိန့်ပေးလိုက်သည်။ သို့သော် ... နောက်ကျသွားချေလေပြီ။

"ယားးး ..." ဆိုသည့်အသံနက်ကြီးနဲ့ အတူ အောင်အောင် က သူ့ပေါ်သို့ ခုန်အုပ်လိုက်ချေပြီ။ ထို့နောက် သူမ၏ ချောမောလှပပြောင်စပ်နေသော မဟာ နဖူးအားးး အရင်ဆုံးမွမ်းမံပေးခြင်းကို ခံလိုက်ရသည်။ ဤသို့ပင် … စိုးမိုးက အရူးမပေါ်သို့၊ ၀ါဝါက ၀တ်ရည်ဆီ၊ ၀ိုင်က ရည်မွန်ဆီ၊ ကျေးတော်မျိုးက စုဂျလီနာဂျိုလဲ့ဆီ နှင့် သရဲစိမ်းကတော့ ပြားပြားကြီးတပ်မှ ပြားပြားမလေး နှစ်ယောက်ဆီသို့ ၀င်လုံးကြကုန်တော့သည်။

အခြေအနေတွေက ရေပတ်နေရာကနေ နပန်းပွဲသို့ ရုပ်ချည်းပြောင်းသွားကုန်သည်။ ပုးဆိုး ကျွတ်တဲ့လူကကျွတ်၊ ထမီ မရှိတဲ့ဘက်ကမရှိ၊ အပေါ်အကျီတွေ ပြဲလိုပြဲ။ ရုပ်တွေကလား မြန်မာစစ်စစ်ကနေ အာဖရိကရောက်သွားသလိုပဲ စုဂျလီနာဂျိုလဲ့ဆို တကယ့် အာဖ၇ီကန်ပဲ။ နဂိုကညိုပါတယ်ဆိုတဲ့ အသား အိုးမည်းတွေ နဲ့ဆိုတော့ ချက်ချင်းကိုအသားအရည်က အာဖရိကန်အသားဖြစ်သွားပြီး။ နှုတ်ခမ်းကလည်း ခွေးလယားသီးမိထားတဲ့ နှုတ်ခမ်းကို လက်မနဲ့ ပွတ်ချေထားတော့ နဂိုနှုတ်ခမ်းကကြီးပါတယ်ဆိုမှ ပွတ်လိုက်တော့ တကယ့် Double African နှုတ်ခမ်းကြီးကိုဖြစ်လို့။

အရူးမကလည်း ဆံပင်ကနီကြောင်ကြောင်နဲ့ အရပ်ကပုပုလုံးလုံးလေး ကြည့်ရဆိုးရတဲ့အထဲ ။ တစ်ကိုယ်လုံး အိုးမည်းတွေသုတ်ခံထားရတော့ အင်္ဂလိပ်ခေတ်က ခ၀ါသည် ကြီးကျလို့။ လိပ်ပြာလေးကလည်း ထိုနည်းတူစွာပဲ အောင်အောင်က သူ့ခန္ဓာကိုယ်ကြီးနဲ့ တတ်ဖိထားပြီး အပေါ်စီးကနေ သူ့ကိုကောင်းကောင်းလး သမ ထားတော့ နားတဲ့ဒဏ်ရယ် ရှက်တဲ့ဒဏ်ရယ်ကြောင့် မျက်ရည်တွေ နှပ်တွေကထွက်လို့။ ရုပ်က နာဂစ်ဖြစ်ပြီးကာစ အသက်မသေပဲကျန်ခဲ့တဲ့ ကလေးမျက်နှာနဲ့။ ၀တ်ရည်ကတော့ သူတို့ထဲမှာ အဆိုးဆုံးပင်။ ၀ါဝါ နှင့် နပန်းလုံးရင်း နှင့် အနားက နွားတင်းကုတ်ထဲရောက်သွားတာ နှစ်ယောက်လုံး နွားချေးပေတလူးနဲ့တစ်ကိုယ်လုံး နံစော်လို့ပင်။

ဝတ်ရည်ခင်ဗျာ နွားတင်းကုတ်ထဲကထွက်လာတော့ သူ့ခေါင်းကိုလက်နဲ့ ကုတ်လိုက် နမ်းလိုက်၊ နောက် သူ့ပါးလေးကို ကုတ်လိုက် နမ်းလိုက်၊ သူ့တစ်ကိုယ်လုံးကို ကြည့်ပြီး နှာခေါင်းရှုံပြီး မြို့စွန်းတွေမှ ချီးတွင်းတူးသည့် ကုလားနဲ့ အလွန်ပင်တူလှပေသည်။ သူတို့ဖြစ်ပြီး ၅ မိနစ်လောက်အကြာမှာပဲ ရပ်ကွက်ကလူတွေဝိုင်းဆွဲတော့မှ အားလုံးကရပ်လိုက်ကြသည်။ ဒါတောင် တဖွဲ့နဲ့တဖွဲ့က နောင်နှစ်ကြမှ ပြန်တွေ့မယ်ဆိုပြီး လူတွေ ဆွဲနေတဲ့ကြားကမှ ချိန်းသွားလိုက်ကြသေးသည်။

ကျွန်တော်လည်း သူတို့၏ သင်္ကြန်တိုက်ပွဲလေး ပြီးသည်အထိ အရသာရှိရှိ ထိုင်ကြည့်ခဲ့ပြီး။ တခြားသူငယ်ချင်းတွေလည်း သိချင်ကြမှာပဲ ဆိုသည့်အတွေးဖြင့် ပြန်လည်ဖောက်သည်ချလိုက်ပါသည်။

လူလိန်